ကမ္ဘောဒီးယား ရိုးရာကိုယ်ခံပညာ ဘိုကက်တာ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရ (ရုပ်သံ)
ကမ္ဘောဒီးယားရိုးရာ ကိုယ်ခံပညာ ဘိုကက်တာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် ကမ္ဘာ့အမွေအနှစ် World Cultural Heritage အဖြစ် ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က သတ်မှတ်လိုက်ပါတယ်။
ဘိုကက်တာသိုင်းဟာ ၁ ရာစုလောက်ကတည်းက စတင်ပေါ်ထွန်းခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက် သက်တမ်းရှိတဲ့ ကိုယ်ခံပညာရပ်တခု ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အတွက် အသစ်သတ်မှတ်လိုက်တဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အသစ် ၉၀ ကို UNESCO က ထုတ်ပြန်ကြေညာရာမှာ ဗီယက်နမ်ရဲ့ ချမ်တိုင်းရင်းသားရိုးရာ အိုးဖုတ်ပညာ၊ ပြင်သစ်ရိုးရာ ပေါင်မုန့်ရှည် ဘေဂက်၊ တရုတ်ရိုးရာ လက်ဖက်ရည်ကြမ်း၊ ယူကရိန်းရိုးရာ စွပ်ပြုတ် စတာတွေလည်း ပါဝင်ပါတယ်။