close

ဝူဟန်မြို့က ပိတ်ထားသည့်စက်ရုံကို ဆန္ဒပြသူများ ဝင်ရန် ကြိုးစား

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါရဲ့ ဗဟိုချက်လို့ ယူဆရပြီး အာဏာပိုင်တွေက ပိတ်ထားတဲ့ စက်ရုံကို ဆန္ဒပြသူတွေကဝင်ဖို့ အတားအဆီးတွေကို တွန်းဖယ်နေကြတာကို ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ  တွေ့ရပါတယ်။

ရိုက်တာသတင်းဌာနက ဒေသတွင်းက ဓာတ်ပုံတွေနဲ့ တိုက်ဆိုင် စစ်ဆေးအပြီး ဗီဒီယိုတွေထဲမှာ မြင်တွေ့ရတဲ့ အဆောက်အအုံတွေနဲ့ လမ်းပုံစံတို့က တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ကိုဗစ်စည်းကမ်းတားမြစ်ပိတ်ပင်မှုတွေ အပေါ် ဒေါသတကြီး တုံ့ပြန်ရာကနေ မကြာသေးမီရက်များ အတွင်း တရုတ်နိုင်ငံ မြို့ပေါင်း ၂၀ ကျော်တွင် ဆန္ဒပြပွဲတွေ ဒါဇင်ချီ ဖြစ်ပွားခဲ့တာပါ။ 

၂၀၁၂ ခုနှစ်မှာ သမ္မတ ရှီကျင့်ဖျင် အာဏာရလာချိန်ကစပြီး ခုထိ တရုတ်ပြည်မကြီးမှာ မကြုံစဖူး အာဏာဖီဆန်မှုကို ပြသတဲ့အနေနဲ့ တချို့မြို့တွေမှာ ဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ ဖြစ်ပွားနေ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up