အာဖရိကနှင့် အာရပ်ပြည်သူများ၏ အားပေးမှုရှိဟု မော်ရိုကိုနည်းပြပြော

မော်ရိုကို အသင်းကို အာဖရိကနဲ့ အာရပ်ပြည်သူတွေရဲ့ အားပေးထောက်ခံမှုရရှိတယ်လို့ ခံစား ရကြောင်း နည်းပြ ရယ်ဂရက်ဂီကပြောပါတယ်။
မော်ရိုကိုအသင်းဟာ အခုနှစ်ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းလာတဲ့ တစ်သင်းတည်းသော အာဖရိကအသင်းဖြစ် ပါတယ်။
ဒါ့အပြင် အာရပ်နိုင်ငံတစ်နိုင်ငံလည်းဖြစ်တာကြောင့် မော်ရိုကို အသင်းရဲ့နောက်မှာ အာဖရိကနဲ့ အာရပ်ပြည်သူတွေရှိနေကြောင်း နည်းပြ ရယ်ဂရက်ဂီကပြောခဲ့တာပါ။
ဒီလို ထောက်ခံအားပေးမှုရှိတာက အရေးပါပြီး မော်ရိုကိုအတွက်ကတော့ ပထမဦးစားပေး ဖြစ်ကြောင်း နည်းပြရယ်ဂရက်ဂီက ပြောပါတယ်။
မော်ရိုကိုအသင်းဟာ ၁၆ သင်းအဆင့်မှာ စပိန်အသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ ပေါ်တူဂီအသင်းနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။