close

နေပြည်တော်၌ အမျိုးသားရေးသမားများပြုလုပ်သည့် ဆန္ဒပြပွဲ စစ်ကောင်စီ တားဆီး

နေပြည်တော်ကောင်စီနယ်မြေ ဇမ္မူသီရိမြို့နယ် နိုင်ငံတော်ကောင်စီရုံးရှေ့မှာ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ NUG နဲ့ PDF ဆန့်ကျင်ဆန္ဒပြပွဲကို စစ်ကောင်စီက တားဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာဌာနတခုဖြစ်တဲ့ Myanmar National Post သတင်းဌာနမှ နောင်တော်လေး ဦးဆောင်ကာ တမူးဖြစ်စဥ်ကိစ္စကို လူအင်အားအနည်းငယ်နဲ့ နိုင်ငံတော်ကောင်စီရုံးရှေ့မှာ ဆန္ဒပြဖို့ ပြုလုပ်နေချိန် စစ်ကောင်စီတပ်တွေက လာရောက်တားဆီးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကြံ့ဖွတ်တွေ မဘသတွေနဲ့ စစ်တပ်ရဲ့လော်ဘီ သတင်းဌာနတွေ တမူးဖြစ်စဥ်ကို လာဆန္ဒပြတာ။ စစ်တပ်က ဖမ်းမယ် ဆီးမယ် လုပ်လို့ ပြန်သွားကြတယ်။ ဘုန်းကြီးတွေရော အမျိုးသားရေးသမားတွေလည်း ပါတယ်။”

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကောင်စီရုံးရှေ့ကို လာရောက်ဆန္ဒပြတဲ့ ဦးဆောင်သူတွေဟာ နောင်တော်လေးနဲ့ ကိုကြည် ဆိုပြီး ကားတွေနဲ့လာကာ နေ့စား ဆန္ဒပြသူတွေလည်း ခေါ်လာတယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပုပ္ဗသီရိက ဥပ္ပါတသန္တိ ကွင်းမှာလည်း ၈ ရက်နေ့က လုပ်ဖို့လုပ်သေးတယ်။ စစ်တပ်နဲ့ ရဲက ခွင်မပြုလို့ ပြန်သွားကြတာ။ ဒီနေ့မနက်လည်း နေ့စားသမားတွေ ခေါ်ထားတာ မလုပ်ရဘူးပြောလို့ ပြန်ကုန်ကျတယ်။”

တမူးဖြစ်စဥ်နဲ့ပတ်သက်လို့ ပြည်ထောင်စုနယ်မြေရှိ နေပြည်တော်ကောင်စီရှေ့မှာ ဆန္ဒပြဖို့ အတွက် ငြိမ်းစုစီ ခွင့်ပြုမိန့်စာ တင်ခဲ့ပေမဲ့လည်း စစ်တပ်က လုံးဝခွင့်မပြုဘူးလို့ အမျိုးသားရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း အမျိုးသားရေးလှုပ်ရှားသူတွေဟာ မတ္တရာမြို့ပေါ်မှာ စစ်ကောင်စီတပ်က ဒေသခံ အလုပ်သမားတွေကို နေ့စားခပေးပြီး NUG အစိုးရနဲ့ PDF ကို ရှုတ်ချဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up