မော်ရိုကိုဂိုးသမားဘိုနိုအတွက် ပေါင် ၂၆ သန်း ဆီဗီလာအသင်း ဈေးနှုန်းသတ်မှတ်

ဆီဗီလာအသင်းဟာ မော်ရိုကို ဂိုးသမား ယာဆင်းဘိုနိုအတွက် ပေါင် ၂၆ သန်း ဈေးနှုန်းသတ် မှတ်ထားတယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်ရှိ ဂိုးသမားဘိုနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ပွဲ တိတိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မော်ရိုကိုအသင်း ဆီမီးဖိုင်နယ်တက်ရာလမ်းကြောင်းမှာ အဓိက နေရာကနေ လက်စွမ်းပြခဲ့တာပါ။
ဆီဗီလာအသင်းဟာ ဂိုးသမားဘိုနိုအတွက် ပေါင် ၂၆ သန်းရရှိမယ်ဆိုရင် လက်လွှတ်မှာဖြစ်ကြောင်း စပိန်သတင်းစာ အက်စ်တာဒီယိုဒီပို့တီဗိုက ဖော်ပြပါတယ်။
ဘိုနိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်၊ အက်စတွန်ဗီလာ အသင်းတွေကလည်း ခေါ်ယူလိုနေတယ်လို့သိရပါတယ်။
ဘိုနိုဟာ အက်သလက်တီကို၊ ဇာရာဂိုဇာ၊ ဂျီရိုနာစတဲ့အသင်းတွေမှာလည်း ကစားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်က ဆီဗီလာအသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။