close

ရေးမြို့ရှိ စစ်ကောင်စီတပ်ရင်း ၅၈၆ ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့၊ အာရှလမ်းမကြီးဘေးမှာရှိတဲ့ တပ်ရင်း ၅၈၆ ထဲက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ နေ့လယ် ၁၁ နာရီကျော်လောက်က RPG နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

“ဒီနေ့မနက် ၁၁ နာရီ ၄၉ မိနစ်လောက်မှာ ရေးမြို့ထဲက ၅၈၆ တပ်ရင်းထဲကို ကျနော် RPG နဲ့ ဝင်ထုတယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ နည်းနည်းပါးပါး မွှေ့ယမ်းပစ်ခတ်တယ်။ သူတို့ စစ်ဆင်ရေးဘန်ကာတွေကို ကျနော်တို့ အရင်ထုချေတာပေါ့။”

အဆိုပါတိုက်ခိုက်မှုမှာ ရေးဘီလူးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိကြောင်းနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“အခုပစ်ခတ်တာကြောင့် စစ်ကောင်စီက လေးဦးကျတယ်၊ ဒဏ်ရာရတာတွေလည်း ရှိတယ်။ ကျ‌နော်တို့တပ်ဖွဲ့ဝင်တွေကတော့ ပြောက်ကျားစနစ်နဲ့ အလျင်အမြန် တိုက်ခိုက်နိုင်ခဲ့တာကြောင့် အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”

မွန်ပြည်နယ်၊ ရေးမြို့အတွင်းမှာ စစ်ရေးအခြေအနေတွေ ခပ်စိပ်စိပ် မြှင့်တင်လာဖို့ရှိပြီး လက်ရှိမှာ တိုက်ပွဲတွေအတွက် လက်နက်ကြီးတွေလည်း ပို‌င်ဆိုင်ထားတာကြောင့် မြို့ခံတွေအနေနဲ့ အားမငယ်ဖို့နဲ့ ရေးမြို့ကို ပြန်လည်ထိန်း‌နိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း ရေးဘီလူးခေါင်းဆောင်က ပြည်သူတွေကို အသိပေး ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ကလည်း ရေးဘီလူးအဖွဲ့က ရေးမြို့အခြေစိုက် အမတ ၃၁၆ လိုင်းခန်းကို ၄၀ မမနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up