တားမြစ်ဆေးသုံးစွဲမှုကြောင့် ရုရှားအပြေးချန်ပီယံ အိုလံပစ် ရွှေတံဆိပ်ဆုပြန်ရုပ်သိမ်းခံရမည်

အိုလံပစ် မီတာ ၄၀၀ အပြေးပြိုင်ပွဲ ချန်ပီယံ ရုရှားအားကစားသမား နာတာလီရာ အန်ယုခ် ဟာ တားမြစ်ဆေးသုံးစွဲမှုကို အယူခံမဝင်ခဲ့တဲ့နောက် လန်ဒန်အားကစားပြိုင်ပွဲမှ ရရှိခဲ့တဲ့ ရွှေတံဆိပ်ဆုကို ဆုံးရှုံးရတော့မှာဖြစ်ကြောင်း ပြေးခုန်ပစ် သမာဓိအဖွဲ့ (AIU) က ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ် နာတာလီရာ အန်ယုခ် ဟာ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာ အမေရိကန် ပြိုင်ဖက် လာရှင်ဒါ ဒဲမတ်စ်ကို အနိုင်ယူပြီး မီတာ ၄၀၀ တန်းကျော် ပြေးပွဲမှာ ချန်ပီယံရွှေတံဆိပ်ဆု ရရှိခဲ့တာပါ။
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က AIU စီရင်ချက်အပေါ် အရေးယူဆောင်ရွက်ပြီးတာနဲ့ အမေရိကန်က လာရှင်ဒါ ဒဲမတ်စ်ကို ဒုတိယ ငွေတံဆိပ်ဆုရှင်အဖြစ်ကနေ ရွှေတံဆိပ်ဆုရှင်အဖြစ် အဆင့်မြှင့်ပေးလိုက်တော့မှာ ဖြစ်ပါတယ်။