လေပေါ်ပျံသန်းနိုင်သည့် မောင်းသူမဲ့လျှပ်စစ်ကား အစ္စရေး မိတ်ဆက်

မော်တော်ကားတွေနဲ့ ပြည့်ကျပ်နေတဲ့ လမ်းမတွေအထက်က ကောင်းကင်မှာ လမ်းသွားလမ်းလာတွေ ခရီးတို ပျံသန်းနိုင်ဖို့ ပုံစံထုတ်ထားတဲ့ အစ္စရေးလုပ် မောင်းသူမဲ့ လျှပ်စစ်ကားဟာ ပထမဆုံး ပွဲဦးထွက်ပျံသန်းခဲ့ပြီး လာမယ့် ၂ နှစ်အတွင်း စျေးကွက်ထဲရောက်ဖို့ ကူညီပေးမယ်လို့ တီထွင်သူက ပြောပါတယ်။
ဒရုန်းနည်းပညာ အကြီးအကျယ် တိုးတက်နေလို့ စမ်းသပ်မှုအဆင့် ခရီးစဉ်ဟာ အစပိုင်းမှာ သာမန်ထက် ထူးခြားနေမှာတော့ မဟုတ်ပါဘူး။ နောက်ထပ် ပန်ကာအပိုတပ်ထားတဲ့ လေယာဉ်ဟာ မြေပြင်ကနေ ဒေါင်လိုက် တက်လာပြီးနောက် ကောင်းကင်ယံမှာ အမြင့်ကို ထိုးတက်သွားမှာပါ။
ဒါပေမဲ့ အစ္စရေးကတီထွင်ပြီး AIR လို့ နာမည်ပေးထားတဲ့ လူ ၂ ယောက်စီးယာဉ်က တကြိမ်အားသွင်းရုံနဲ့ မိုင် ၁၀၀ အထိ သယ်ဆောင်နိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။
AIR နဲ့ ကမ္ဘာတဝန်းရှိ ပြိုင်ဘက်များစွာတို့က ဒီခရီးစဉ်ဟာ နောက်ဆုံးမှာ သာမန်အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ လောင်းကြေးထပ်နေကြပါတယ်။