close

ခရစ်တော်မွေးရာ ဘတ်လင်ဟမ်မြို့တွင် ခရစ္စမတ် ဝတ်ပြုဆုတောင်းပွဲကျင်းပ

ယေရှူခရစ်တော် မွေးဖွားရာနေရာအဖြစ် အစဉ်အလာအရ အထွတ်အမြတ်ထားကြတဲ့ အနောက်ဘက်ကမ်းက ဘတ်လင်ဟမ်မြို့မှာ ဒီဇင်ဘာ ၂၅ ရက်က ခရစ္စမတ်ဝတ်ပြု ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ 

ဒီပွဲကို ကိုးကွယ်ယုံကြည်သူတွေ အများအပြားတက်ရောက်ခဲ့ကြပြီး ဂျေရုစလင်ရဲ့ အဆင့်မြင့် ဂိုဏ်းအုပ် ဘုန်းတော်ကြီး ပီယာဘတ်တီစတာ ပီဇာဘော်လာက ဘတ်လင်ဟမ်မြို့က ဒီဝတ်ပြုဆုတောင်းပွဲကို ဦးဆောင်ခဲ့တာပါ။ 

ဒီအခမ်းအနားကို   ပါလက်စတိုင်းသမ္မတ မိုဟာမက် အဘာ့စ် လည်းတက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ ခရစ်ယာန်ဓမ္မတေး သံစုံအဖွဲ့ရဲ့  ဓမ္မတေးနဲ့ သီဆိုဂုဏ်ပြုတဲ့အစီအစဉ်လည်း ပါဝင်ပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တားမြစ်ပိတ်ပင်မှုတွေအပြီး ၂ နှစ်အကြာမှာပဲ ဘတ်လင်ဟမ်မြို့မှာ ရှိတဲ့ မန်ဂါရင်ပြင်မှာ ဒီဇင်ဘာ ၂၄ ရက်က သင်းအုပ်ဘုန်းတော်ကြီးနဲ့အတူ များပြားလှတဲ့ လူစုလူဝေးကြီး ဆုံစည်းခဲ့ကြပါတယ်။

ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်၊ ဆောင်းရာသီတုန်းက ဘတ်လင်ဟမ်မြို့ကို လာရောက်ခဲ့ကြတဲ့ လည်ပတ်သူ ၃ သန်းခွဲထက်စာရင်တော့ ဒီနှစ် ပွဲတော်ကိုလာရောက်သူ အရေအတွက်က အများကြီး လျော့နည်းနေပါသေးတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up