အီရန်ငွေကြေးတန်ဖိုး စံချိန်တင်ကျဆင်း

အီရန်နိုင်ငံရဲ့ ရီယယ်ငွေကြေးဟာ တရားမဝင် ငွေလဲလှယ်ရေးဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် သမိုင်းဝင် တန်ဖိုးကျဆင်းနေပါတယ်။
ပြီးခဲ့တဲ့သုံးလကျော်ကတည်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် အီရန် ရီယယ်ငွေကြေးဟာ ၂၁ ရာခိုင်နှုန်းနီးပါးအထိ တန်ဖိုးလျော့ကျခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလမှာ အမေရိကန်နိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့အတူ ချုပ်ဆိုထားတဲ့ အီရန် နျူးကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ပြီးနောက် အီရန်နိုင်ငံပေါ်မှာ အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပါတယ်။ အဲ့ဒီကာလမတိုင်ခင်က တဒေါ်လာကို ရီယယ်ငွေ ၆၅၀၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့အရှေ့တောင်ပိုင်းက လမ်းတွေပေါ်မှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေပြီး ဒါဟာ အသက် ၂၂ အရွယ် ကာ့ဒ်လူမျိုး အီရန်နိုင်ငံသူ မာရှာအာမာနီကို ရဲတွေဖမ်းဆီး ထိန်းသိမ်းထားခဲ့ရာက သေဆုံးခဲ့တဲ့အတွက် စက်တင်ဘာ ၁၆ ရက်ကစပြီး ဒီလူထုအုံကြွမှု ပေါ်ပေါက်လာတာပါ။
မာရှာအာမာနီကို အီရန်ကျင့်ဝတ်ထိန်းရဲတွေက တင်းကျပ်တဲ့ အစ္စလာမ္မစ် ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းဥပဒေအောက်မှာ “မသင့်လျော်တဲ့ အဝတ်အစား” ဝတ်ဆင်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။
လက်ရှိမှာ အီရန်အလွှာပေါင်းစုံက ဆန္ဒပြပြည်သူတွေဟာ နိုင်ငံကို အုပ်ချုပ်မှုကနေ ဘာသာရေးခေါင်းဆောင်တွေ နုတ်ထွက်ဖို့ တောင်းဆိုနေကြတာပါ။