close

မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီ အစည်းအဝေး စတင်ကျင်းပ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အာဏာရ အလုပ်သမားပါတီရဲ့ အဓိက အစည်းအဝေးကို စတင်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်မှာ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။

နှစ်သစ်ကူးအထိမ်းအမှတ် မူဝါဒဆုံးဖြတ်ချက်တွေကို မကြာခဏ ကြေညာလေ့ရှိတဲ့ ပွဲတခုမှာ ဒီဇင်ဘာ ၂၆ ရက်က ကျင်းပနေတဲ့ ၈ ကြိမ်မြောက် ကိုရီးယားအလုပ်သမားများပါတီ (WPK) ရဲ့ ဆဋ္ဌမအကြိမ်မြောက် တိုးချဲ့အစည်းအဝေး ဗီဒီယိုကို နိုင်ငံပိုင်ရုပ်သံလိုင်း KRT က ထုတ်လွှင့်ပြသခဲ့ပါတယ်။

အစည်းအဝေးမှာ တက်ရောက်လာသူတွေဟာ ၂၀၂၂ ခုနှစ်အတွက် အဓိကမူဝါဒများ အကောင်အထည်ဖော်ရေးနဲ့ ဘတ်ဂျက်သုံးသပ်ချက်အပြင် ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းစီမံချက်နဲ့ ဘတ်ဂျက်မူကြမ်း အပါအဝင် လုပ်ငန်းစဉ်ကြီး ၅ ရပ်ကို အတည်ပြုခဲ့ပါတယ်။

အထီးကျန်နိုင်ငံ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အပါအဝင် မကြုံစဘူး ဒုံးကျည်အရေအတွက်ကို ပစ်ခတ်ခဲ့ပါတယ်။

တနင်္လာနေ့က မြောက်ကိုရီးယားရဲ့ ဒရုန်းငါးစင်းဟာ တောင်ကိုရီးယားနိုင်ငံအတွင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဆိုးလ်ဘက်က တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ပစ်ချဖို့ ကြိုးစားခဲ့ရာက တင်းမာမှုအသစ် ဖြစ်ပေါ်ခဲ့ပါတယ်။

ကင်မ်ဟာ သူ့ရဲ့ လက်နက်အစီအစဉ်၊ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ သဘာဝဘေးအန္တရာယ်တွေကနေ ရလဒ်ဆိုးရွားမှုတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ စီးပွားရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up