close

မုံရွာမြို့နယ်၊ သာစည်ထောင်သစ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့အရှေ့မြောက်ဘက် သာစည်ကျေးရွာ၊ သာစည်ဆည်အနီးမှာ အသစ်တည်ဆောက်နေတဲ့  သာစည်အကျဉ်းထောင်ကို ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၉ နာရီလောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

“စစ် (-) နဲ့ ပျူများ စခန်းချထားတဲ့ သာစည်ဆောက်လက်စ ထောင်နဲ့ ရဲစခန်းကို ကျနော်တို့ ၆၀မမ ၂၅ လုံး၊ ၁၂၀ မမ ၅ လုံး၊ စုပေါင်း လက်နက်ကြီး အလုံး ၃၀ နဲ့ ပစ်ခတ်ခဲ့တယ်ဗျ။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့သေးတယ်ဗျ။ သူတို့ဘက်ကလည်း ၄၀ မမ၊ ၆၀ မမတွေနဲ့ ပြန်ပစ်တာတော့ ရှိတယ်ဗျ။ အထိအခိုက်တော့ ကျနော်တို့ဘက်က မရခဲ့ဘူး။ စစ်ကောင်စီဘက်ကတော့ ၁၀ ဦး ထိခိုက်ဒဏ်ရာတွေ ရတယ်လို့ သိထားရတယ်” လို့ စွန်ရဲပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုအသေးလေးက ပြောပါတယ်။

အခုလို ပစ်ခတ်ခံရလို ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်တွေနဲ့ လုံခြုံရေးကင်းပုန်းစောင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ပစ်ခတ်မှုကို Yoma Figher တပ်ရင်း တပ်ခွဲ ၄၊ စွန်ရဲပြောက်ကျားတပ်၊ Future Star ပြောက်ကျားတပ် Youth Special Attack Force ၊ Thousand Of Silver Stars နယ်မြေစည်းမခြားပြောက်ကျားတပ်နဲ့ တပ်ရင်း ၂၄ Monywa ranger တို့ ပူးပေါင်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီ သာစည်အကျဉ်းထောင်သစ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတွေက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့တုန်းကလည်း အခုလို ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံ သာစည်ရွာ ပြည်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up