close

မိုနာကိုနောက်ခံလူ ဘတ်ဒီယာရှီလာကိုခေါ်ယူရန် ချဲလ်ဆီး သဘောတူညီမှုရရှိ

ချဲလ်ဆီးအသင်းဟာ မိုနာကိုနောက်ခံလူ ဘတ်ဒီယာရှိလာကို ပေါင် ၃၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။

အရပ် ၆ ပေ ၄ လက်မမြင့်တဲ့ အသက် ၂၁ နှစ်ရှိ ပြင်သစ်နောက်ခံလူဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်မှုခံယူမှာဖြစ်တယ်လို့ သတင်းတွေကဖော်ပြပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဘယ်ခြမ်းမှာကစား နိုင်တဲ့ ဗဟိုနောက်ခံလူတစ်ဦးကိုရှာဖွေခဲ့ပြီး လိုက်ဇစ်က ခရိုအေးရှားနောက်ခံလူ ဂဗာဒီယိုနဲ့ အဆင်မပြေ ဖြစ်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြင်သစ်လူစာရင်းမှာပါဝင်ခဲ့တဲ့ ဘယ်ခြေသန် ဗဟိုနောက်ခံလူ ဘတ်ဒီယာရှီလာကိုခေါ်ယူဖို့ သဘောတူညီမူရယူနိုင်ခဲ့တာပါ။

သူဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဘရက်စ်နဲ့ပွဲစဉ်မှာ  မိုနာကိုလူစာရင်းကနေချန်လှပ်ခံခဲ့ရပါတယ်။ မိုနာကိုအကယ်ဒမီထွက်တစ်ဦးဖြစ်တဲ့ ဘတ်ဒီယာရှိလာဟာ ၂၀၁၈ ခုနှစ်ကတည်းက အသင်းကြီးမှာပွဲ ထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ၁၃၅ ပွဲမှာ ၆ ဂိုးသွင်းခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up