close

သြစတြေးလျ ကမ်းရိုးတန်းတွင် ရဟတ်ယာဉ် ၂ စင်း တိုက်မိပြီး လူ ၄ ဦး သေဆုံး

သြစတြေးလျနိုင်ငံ Gold Coast ကမ်းရိုးတန်းမှာ ဇန်နဝါရီ ၂ ရက်က ရဟတ်ယာဉ်နှစ်စင်း တိုက်မိခဲ့လို့ လူလေးယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Sea World Resort Australia အပန်းဖြေစခန်းနားမှာ  ရဟတ်ယာဉ်တစ်စင်း ဆင်းသက်နေတုန်း နောက်တစ်စင်းက ပျံတက်ချိန်မှာ လေထဲမှာ တိုက်မိခဲ့တာလို့ ကွင်းစလန်း ရဲတပ်ဖွဲ့ ယာယီစစ်ဆေးရေးမှူး ဂါရီ ဝေါ်ရဲလ်က ပြောပါတယ်။

ပျက်စီးသွားတဲ့ ရဟတ်ယာဉ်တစ်စင်းက သဲသောင်ပေါ်မှာ ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့ပေမယ့် တခြားတစီးကတော့ အဲဒီနေရာမှာတင် ပျက်ကျခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ နေရာမှာ လူ ၁၃ ဦး ရှိနေခဲ့တယ်လို့ ကွင်းစလန်း လူနာတင်ယာဉ်ဝန်ဆောင်မှုဌာနကပြောဆိုခဲ့ပြီး  ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး သြစတြေးလျ သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဗျူရိုက စုံစမ်းစစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up