close

ရေဖြူမြို့တွင် လွတ်လပ်ရေးနေ့အခမ်းအနားအပြီး ဗုံးပေါက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ စျေးအနီးမှာ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားအပြီး မနက် ၆ နာရီလောက်မှာ ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့ခံတဦးက “ပေါက်သံတချက်ကြားပြီး ရဲစခန်းဘက် ပြန်ပစ်တဲ့အသံ လေးငါးချက်လောက် ကြားရတယ်။ မနက်အစောကြီးရှိသေးတယ်” လို့ ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ သိရပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ ပြန်ဆက်နဲ့ စစ်တပ်၊ ရဲတွေ ပူးပေါင်းပြီး ရေဖြူမြို့၊ (က) ရပ်ကွက်မှာရှိတဲ့ ထွေအုပ်ရုံး (စုပေါင်းရုံး) နဲ့ လွတ်လပ်ရေးကျောက်တိုင်မှာ ဇန်နဝါရီ ၄ ရက် မနက်က လွတ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်အထိ ရေဖြူမြို့မှာ လွတ်လပ်ရေးနေ့ ဖိတ်ခေါ်လှေပြိုင်ပွဲ ကျင်းပတာရှိခဲ့ပြီး အာဏာသိမ်းပြီးတဲ့နှစ်တွေမှာတော့ လွတ်လပ်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ အကျဉ်းချုံး ပြုလုပ်ခဲ့ပါတယ်။

ရေဖြူမြို့ပေါ်မှာ ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီလက်အောက်ခံ  ဌာနဆိုင်ရာရုံး ၃ နေရာထက် မနည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up