အင်္ဂလန်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆော်ဒီလိဂ်ပွဲစဉ် ၂ ပွဲဆက် ရော်နယ်ဒို လွဲချော်မည်

အင်္ဂလန်မှာကစားတုန်းက ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်မှာ ၂ ပွဲဆက်တိုက် လွဲချော်တော့မှာ ဖြစ်ပါတယ်။
မန်ယူအသင်းက အဲဗာတန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အဲဗာတန်အသင်းပရိသတ် ကလေးငယ်တဦးဆီက ဖုန်းကို ရော်နယ်ဒိုက ရိုက်ချခဲ့တာပါ။
အဲဒီလိုလုပ်ဆောင်ခဲ့မှုကြောင့် အင်္ဂလန်အက်ဖ်အေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ၂ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေ ၅၀,၀၀၀ ချမှတ်ခဲ့တာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ အက်ဖ်အေတခုခုရဲ့ ပွဲပယ်ပြစ်ဒဏ်တွေဟာ မတူညီတဲ့ တခြားလိဂ်ပြိုင်ပွဲတွေမှာလည်း ဆက်လက်ကျခံရမယ်လို့ ပါရှိတာပါ။
ဒါကြောင့် ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာရဲ့ ပွဲစဉ် ၂ ပွဲဆက်တိုက် လွဲချော်မှာပါ။ အယ်လ်နာဆာအသင်း ပရိသတ်တွေဟာ ရော်နယ်ဒို ပွဲထွက်ကစားမယ်အထင်နဲ့ အိမ်ကွင်းလက်မှတ် ၂၈,၀၀၀ စလုံးကို ကြိုတင်ဝယ်ယူထားကြတယ်လို့ သိရပါတယ်။