မုံရွာ PDF က ဒေသခံပြည်သူများကို ကောက်ပဲသီးနှံ ကူညီရိတ်သိမ်းပေး (ဓာတ်ပုံ)





စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် တပ်ရင်း-၇ ရဲဘော်တွေနဲ့ ရဲမေတွေက ဇန်နဝါရီ ၄ ရက် မနက်က မိဘပြည်သူတွေရဲ့ ကောက်ပဲသီးနှံတွေကို ကူညီရိတ်သိမ်းပေးခဲ့တယ်လို့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
မုံရွာ PDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတဦးက “မလွတ်လပ်သော လွတ်လပ်ရေးနေ့မှာ ကျနော်တို့ မုံရွာခရိုင် တပ်ရင်း-၇၊ Lightning People Defence Force ပြည်သူ့ရဲဘော်လေးတွေက မိဘပြည်သူတွေရဲ့ ကောက်ပဲသီးနှံတွေကို ဝိုင်းဝန်းကူညီ ရိတ်သိမ်းပေးခဲ့ပါတယ်။ ကျနော်တို့တပ်ရင်းအနေနဲ့ ပြည်သူလူထုကို အမြဲကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်စနစ်ကို ကျရှုံးစေမယ့် ဘယ်နည်းနဲ့မဆို တွန်းလှန် တိုက်ခိုက်သွားပါမယ်ခင်ဗျ” လို့ ပြောပါတယ်။
ပြည်သူက မွေးထုတ်ပေးလိုက်တဲ့ ပြည်သူ့ရဲဘော်တွေဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို တတ်စွမ်းတဲ့ဘက်ကနေ ကူညီပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ လေးနက်စွာ ကတိသစ္စာပြုကြောင်း တပ်ရင်း-၇ lighting people defence force သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။