မိုချန်ဂလာဘက်ချ်တိုက်စစ်မှူး မားကပ်ရှ်သူရမ်ကို ခေါ်ယူရန် ချဲလ်ဆီးကြိုးပမ်း

ချဲလ်ဆီးအသင်းဟာ ဂျာမန်ကလပ် မိုချန်ဂလာဘက်ရှ်တိုက်စစ်မှူး မားကပ်ရှ်သူရမ်ကိုခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၂၅ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးကို အင်္ဂလန်နဲ့ တခြားဥရောပကလပ်တွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေကြတာပါ။
သူဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက် တမ်းကုန်ဆုံးမှာဖြစ်ပြီး တိုက်စစ်ပိုင်းအားနည်းနေတဲ့ ချဲလ်ဆီးကခေါ်ယူဖို့ မျက်စိကျလာခဲ့တာပါ။
ပြင်သစ်ဂန္ထဝင်ကစားသမား လီလီယန်သူရဲ့သားဖြစ်သူ မားကပ်ရှ်သူရမ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ ဖလားမှာ ပါဝင်ကစားခဲ့ပါသေးတယ်။
ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၅ ပွဲမှာ ၁၀ ဂိုးသွင်းယူထားပြီး ချဲလ်ဆီးအသင်းက အရေးပေါ်အခြေအနေနဲ့ အမြန်ဆုံးခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။
ချဲလ်ဆီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့ပြီးနောက် မန်စီးတီးကို ထပ်ရှုံးခဲ့လို့ ပရီးမီးယားလိဂ်အဆင့် ၁၀ မှာရပ်တည်နေပါတယ်။