ဘန်လေတိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကိုခေါ်ယူရန် မန်ယူအသင်းနီးစပ်

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဘက်ကို ၂ ဂိုးသွင်းခဲ့တဲ့ ဟော်လန် တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို ဘန်လေအသင်းကနေ အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ဟော်လန်တိုက်စစ်မှူးဟာ ဘန်လေကနေ တူရကီကလပ် ဘက်ဆစ်တပ်မှာ အငှားထွက်ကစားနေပြီး စုစုပေါင်း ၁၆ ပွဲမှာ ၈ ဂိုးသွင်း ၄ ကြိမ်ဂိုးဖန်တီးထားပါတယ်။
အသက် ၃၀ အရွယ် အရပ် ၆ ပေခွဲလောက်ရှိတဲ့ ဝက်ဂ်ဟော့စ်ဟာ ပရိသတ်တွေ နှစ်သက်သဘောကျလောက်တဲ့ တိုက်စစ်မှူးမဟုတ်ပေမဲ့ ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှာ မတူညီတဲ့အခြေအနေနဲ့ ကူညီပေးနိုင်သူဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဝက်ဂ်ဟော့စ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၂ ဂိုးသွင်း၊ ၃ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ပြီး ဘန် လေးအသင်းနဲ့အတူ တန်းဆင်းခဲ့ရသူဖြစ်ပါတယ်။