close

ကမ္ဘာ့နံပတ် ၁ စပိန်တင်းနစ်ကစားသမား သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲဝင်မည်မဟုတ်

ကမ္ဘာ့နံပါတ် ၁ စပိန် တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်ဟာ ရာသီကြို လေ့ကျင့်နေစဉ် ညာခြေထောက် ကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့အတွက် လာမယ့် သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ဇန်နဝါရီ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

"ရာသီကြိုကာလ ကျနော်ရဲ့ အကောင်းဆုံးကစားနေချိန်မှာပဲ လေ့ကျင့်ခန်းဆင်းရင်း သဘာဝမကျတဲ့ လှုပ်ရှားမှုတစ်ခုကြောင့် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ညာဘက်ခြေထောက်ပေါင်က တံကောက်ကြောကြွက်သားနေရာမှာပါ"လို့ သူက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

စပိန်ကစားသမားက “သြစတြေးလျအတွက် အကောင်းဆုံးအဆင့်ရောက်ဖို့ အရမ်းကြိုးစားခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ဒီသြစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ဝင်ကစားနိုင်တော့မှာ မဟုတ်ပါဘူး၊ ဒါက ခက်ခဲပေမယ့်လည်း အကောင်းဘက်တွေတွေးဖို့ လိုအပ်ပြီး ပြန်ကောင်းလာဖို့ မျှော်လင့်နေပါတယ်၊ ၂၀၂၄ ခုနှစ်မှာ ပြန်တွေ့ကြမယ်”လို့ ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် တင်းနစ်ကစားသမားဟာ မနှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ သူရဲ့ အဓိက ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အသက်အငယ်ဆုံး အမျိုးသားကမ္ဘာ့နံပါတ်တစ်လည်း ဖြစ်လာခဲ့ပါတယ်။ 

ဒီနှစ်အတွက် ပထမဆုံး ဂရင်းစလင်းပြိုင်ပွဲကြီးတွေ မစတင်ခင် ရာသီသစ် မတိုင်ခင်မှာပဲ ကြံ့ခိုင်မှု အပြည့်နဲ့ နီးစပ်နေပြီဖြစ်ပြီး ပါရီမာစတာပြိုင်ပွဲတုန်းက ဝမ်းဗိုက်ပိုင်းဒဏ်ရာကြောင့် ဒေဗီးစ်ဖလား နဲ့ ATP ဖိုင်နယ် ပွဲစဉ်တွေကို ပြီးခဲ့တဲ့နှစ်မှာ လွဲချော်ခဲ့ရတယ်လို့ သူက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up