ယာအိုဖိလစ်အတွက် ပေါင်သန်း ၇၀ ပေးမှ ထွက်ခွာခွင့်ပြုရန် အက်သလက်တီကိုဆုံးဖြတ်

အက်သလက်တီကိုအသင်းဟာ တိုက်စစ်မှူး ယာအိုဖိလစ်အတွက် ပေါင်သန်း ၇၀ နဲ့ အပြီးသတ်ခေါ်ယူမယ့် သဘောတူညီမှုရရှိမှသာ အငှားချဖို့ဆုံးဖြတ်ထားပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးကိုခေါ်ယူဖို့ မန်ယူနဲ့ အာဆင်နယ်အသင်းတွေအပြင် ချဲလ်ဆီးအသင်း ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတာပါ။
အက်သလက်တီကိုဘက်ကတော့ ယာအိုဖိလစ်အတွက် အငှားစာချုပ်ကြေးအဖြစ် ပေါင် ၉ သန်းခွဲ အလိုရှိနေသလို ရာသီအကုန်မှာလည်းပေါင် ၇၀ ဒသမ ၅ သန်းနဲ့ အပြီးသတ်ခေါ်ယူရမယ့် သဘောတူညီချက်ရရှိလိုနေတာပါ။
မန်ယူအသင်းဘက်ကတော့ ယာအိုဖိလစ်ကို ရာသီဝက်အငှားစာချုပ်ကြေးအဖြစ် ပေါင် ၃ သန်းနဲ့ ကနဦးကမ်းလှမ်းခဲ့ပြီး တီကိုဘက်ကပယ်ချခဲ့တယ်လို့ Mirror သတင်းမှာဖော်ပြပါတယ်။
အာဆင်နယ်ဘက်ကလည်း ယာအိုဖိလစ်ကို ခေါ်ယူလိုနေပြီး ကွင်းလယ်လူ တီကိုကစားသမားဟောင်း သောမက်စ်ပါတေးကလည်း ကူညီစည်းရုံးပေးနေတယ်လို့သိရပါတယ်။