close

ဘရာဇီးလက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို ဂွါဒီယိုလာ ပယ်ချ

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို နည်းပြဂွါဒီယိုလာက ပယ်ချလိုက်ပါတယ်။

ဘရာဇီးအသင်းဟာ နည်းပြ တက်တေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာလမ်းခွဲခဲ့တာပါ။ နည်းပြသစ်ရာထူးအတွက် နိုင်ငံခြားသားနည်းပြတစ်ဦးကို ၁၉၄၄ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်ခန့်အပ်ဖို့ ရှာဖွေနေတာပါ။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ကူညီမှုနဲ့ ဂွါဒီယိုလာကို တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂွါဒီယိုလာဘက်က လက်မခံခဲ့တာလို့ သိရပါတယ်။

ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကို ဥရောပချန်ပီယံလိဂ် ဆုဖလားရယူပေးဖို့ စိတ်အားထက်သန်နေပြီး အဲဒီရည်မှန်းချက် အထမြောက်တဲ့အချိန်မှသာ နိုင်ငံ့လက်ရွေးစင် အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up