close

ရုရှားနှင့် ဘီလာရုစ် ပူးတွဲလေကြောင်းလေ့ကျင့်ရန် စီစဉ်

ရုရှားနဲ့ ဘီလာရုစ်နှစ်နှစ်နိုင်ငံပူးပေါင်းပြီး လက်နက်တွေ၊ စစ်သားတွေနဲ့ အထူးပြုကိရိယာတွေပါတဲ့  ပူးတွဲလေကြောင်းလေ့ကျင့်မှု ပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းရဲ့ မြောက်ဘက်ကနေ မြေပြင်ကျူးကျော်မှု အသစ်ကို စဖို့ ဘီလာရုစ်နိုင်ငံကိုသုံးပြီး အထူးစစ်ရေး အဓိကမျက်နှာစာသစ်ကို ဖွင့်လှစ်ပေးမယ့်ခြေလှမ်း ဖြစ်တယ်လို့ ယူကရိန်းက အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။

ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက “ဘီလာရုစ်နယ်မြေထဲမှာ ဒေသဆိုင်ရာတပ်တွေ စုစည်းဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ နယ်နိမိတ်နားက လက်ရှိအခြေအနေအပေါ် အခြေခံပြီး ပြည်ထောင်စုနိုင်ငံတော်ရဲ့ ကာကွယ်ရေးကို အားကောင်းစေဖို့ တခုတည်းသော အကျိုးစီးပွားအတွက် အကောင်အထည်ဖော်နေတယ်” လို့ ပြောပါတယ်။

ရုရှားပြည်ထောင်စု တပ်ဖွဲ့ဝင်တွေ၊ လက်နက်တွေ၊ စစ်ဘက်ဆိုင်ရာနဲ့ အထူးအသုံးအဆောင် ပစ္စည်းတွေဟာ ဘီလာရုစ်သမ္မတနိုင်ငံဆီ ဆက်ရောက်လာလိမ့်မယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ခိုက်ရေး ညှိနှိုင်းဆောင်ရွက်ချက်တွေနဲ့ လေတပ်စစ်ရေးလေ့ကျင့်မှုတွေကိုလည်း စီစဉ်ထားတယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

ဘီလာရုစ်နဲ့ ရုရှား အစိတ်အပိုင်းတွေရဲ့ ပူးတွဲလေ့ကျင့်မှုဟာ သဘာဝမှာ ရှုပ်ထွေးပြီး တိုက်ခိုက်ရေး အစိတ်အပိုင်းတွေသာမက ထောက်ပံ့ရေးစနစ်တွေအားလုံးပါ အကျုံးဝင်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးဌာနဟာ ဘီလာရုစ်နိုင်ငံဆီ ရောက်လာတဲ့ ရုရှား BTR-82A နဲ့ BTR-80K သံချပ်ကာယာဉ်တွေ တင်ဆောင်ထားတဲ့ ရထားတွေရဲ့ ပုံတွေကို အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ လက်နက်တပ်ဆင်ရေး အစီအစဉ်နဲ့အညီ ပေးပို့တာလို့လည်း ပြောခဲ့ပါတယ်။ ဘီလာရုစ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှား အစိုးရကို သူ့နယ်မြေ အသုံးပြုခွင့် ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up