close

ဘုတလင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ  ဇန်နဝါရီ ၉ ရက် မနက်က စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်လို့ ပြည်သူတဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ မြို့ခံ ပြည်သူများဆီက သိရပါတယ်။

အဆိုပါဒဏ်ရာရရှိသူဟာ လင်းလဲ့မြေ စိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင် ကိုနွယ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

ပစ်ခတ်ခံရသူနှင့် ရင်းနှီးသူတဦးက“မနက်ခင်းက ပစ်ခတ်ခံရတာ။ လက်နက်ကြီးကျည်ဗျ။ သူ့ဆိုင်ရှေ့ကျပြီး ပေါက်ကွဲတာ။ ဆိုင်ရှေ့က တံခါးတွေလည်း အကုန်ပျက်စီးကုန်တယ်။ လူကတော့ ပေါင်ကိုထိမှန်တယ်။ ဒဏ်ရာကြီးတယ်ဗျ။ ၆ ချက်လောက် ချုပ်ထားရတယ်။ ဆေးကုသမှု ခံနေရတယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့ပေါ်က စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့  စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲ ရမ်းသန်းပစ်ခတ်တာတွေ အကြိမ်ကြိမ်ပြုလုပ်လာပြီး အခုလို ထိခိုက်တာတွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက် မနက်ကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတို့ ဘုတလင် အထက ၁ အနီး ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း ဘုတလင်မြို့ခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up