ပြင်သစ်အသင်းခေါင်းဆောင် လောရစ် လက်ရွေးစင်အသင်းမှ အနားယူ

ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်း အသင်းခေါင်းဆောင် ဟူဂို လောရစ်က ကြေညာလိုက်ပါတယ်။
အသက် ၃၆ နှစ်အရွယ် တော့တင်ဟမ်ဟော့စပါးစ်အသင်း ဂိုးသမားဖြစ်သူ လောရစ်ဟာ မိသားစုကို အချိန်ပိုပေးချင်တာကြောင့် လက်ရွေးစင်အသင်းကနေ အနားယူတာလို့ အကြောင်းပြပါတယ်။
ဂိုးသမား လောရစ်ဟာ ပြင်သစ်နဲ့အတူ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
လောရစ်ဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ထားပါတယ်။ သူဟာ လက်ရွေးစင်အသင်းအတွက် ၂၀၀၈ ကစပြီး ပွဲပေါင်း ၁၄၅ ပွဲ ကစားပေးထားပါတယ်။
လောရစ်ဟာ ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် စံချိန်တင် ပွဲပေါင်း ၁၂၁ ပွဲကို ဦးဆောင်ခဲ့ပါတယ်။
ပြင်သစ်အသင်းက လက်ရှိနည်းပြ ဒတ်စ်ချန့်ကို စာချုပ်သက်တမ်းတိုးအပြီးမှာ ကစားသမားဘဝကနေ လောရစ် အနားယူလိုက်တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဘန်ဇီမာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာပဲ လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။