ပြည်ဝင်ခွင့်ဗီဇာရပ်ဆိုင်းမှုအပေါ် တရုတ်အစိုးရကို ဂျပန်ကန့်ကွက်

ဂျပန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ဗီဇာ ရပ်ဆိုင်းတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက တရုတ်အစိုးရကို ကန့်ကွက်ခဲ့ပြီး တရုတ်ရဲ့လုပ်ရပ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုခါ့ဇု မတ်စုနိုက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်အတွက် ခြေလှမ်းတွေထက်စာရင် တခြားအကြောင်းပြချက်တွေအတွက် တရုတ်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ဆိုင်းငံ့ခြင်းကို တဖက်သတ်လုပ်ဆောင်ခဲ့တဲ့ အတွက် ဝမ်းနည်းစရာဖြစ်တယ်” လို့ မတ်စုနိုက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်နိုင်ငံကနေ တိုက်ရိုက်လာတဲ့ ခရီးသည်တွေအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ဂျပန်အစိုးရက တင်းတင်းကျပ်ကျပ် လုပ်ဆောင်ပြီးတဲ့နောက် တရုတ်ဘက်ကလည်း ဂျပန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ဗီဇာ ရပ်ဆိုင်းခဲ့တာပါ။
ဂျပန်ရဲ့ နယ်စပ်ထိန်းချုပ်မှုတွေ ဘယ်လိုရှေ့ဆက်လုပ်မလဲလို့ မေးမြန်းရာမှာ တရုတ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေနဲ့ သူ့ရဲ့ သတင်းအချက်အလက် ထုတ်ဖော်မှုအပေါ် အခြေခံပြီး ဂျပန်အစိုးရက သင့်တော်သလို တုံ့ပြန်မယ်လို့ မတ်စုနိုက ပြောခဲ့ပါတယ်။