close

အမရပူရတွင် စစ်တပ်ကင်းလှည့်ကား မိုင်းခွဲခံရပြီး စစ်သား ၂ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ အမရပူရမြို့နယ် ပုထိုးကြီးအရှေ့ဘက်ပေါက်​ ခေါင်းလောင်းကြီးအနီးမှာ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီလောက်က ကင်းပတ်လာတဲ့ စစ်​ကောင်စီတပ်ကားတွေ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကား DC နှစ်စီးနဲ့ ကင်းပတ်လာတဲ့ စစ်သားတွေကို ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲခဲ့ရာမှာ နောက်ကားကို ထိမှန်ခဲ့ပြီး စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ No more Dictatorship People Defense Force အဖွဲ့က တာဝန်ရှိသူ ကိုနဂါးကြီးက ပြောပါတယ်။

“၆ လက်မပတ်လည်မိုင်းနဲ့ ဖောက်ခွဲခဲ့တာပါ။ လူနေအိမ်ကမရှိဘူး၊ နှစ်ယောက်ထိတယ်လို့တော့ ကြားတယ်။”

မိုင်းဆွဲခံရပြီးနောက် စစ်သားတွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာတွေ ရှိတယ်လို့ ပြောပါတယ်။

မန္တလေးမြို့မှာ ဇန်နဝါရီ ၈ ရက်က Space Bar မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ရှေ့ကကားတစီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up