အာဆင်နယ်ကို ပြောင်းရွှေ့ခွင့်ရရေး အသင်းတာဝန်ရှိသူနှင့် မူဒရစ်ခ် ဆွေးနွေး

ရှက်တာဒိုးနက်ခ်တိုက်စစ်မှူး မူဒရစ်ခ်ဟာ အာဆင်နယ်ဆီ ပြောင်းရွှေ့ခွင့်ရဖို့အတွက် အသင်းအမှုဆောင်အရာရှိချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်အသင်းဟာ လက်ရှိ တူရကီနိုင်ငံမှာ သွားရောက် လေ့ကျင့်နေပြီး မူဒရစ်ခ်လည်း လိုက်ပါသွားခဲ့တာပါ။
တူရကီလေ့ကျင့်ရေးကွင်းမှာ မူဒရစ်ခ်ရဲ့ စီအီးအိုဖြစ်သူ ဒါရီဂျိုဆာနာနဲ့ စကားပြောဆိုခဲ့ပြီး အာဆင်နယ်ဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မူဒရစ်ခ်ဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာလည်း အာဆင်နယ်အသင်းပွဲစဉ်တွေကို ကြည့်ရှုနေကြောင်း တင်လေ့ရှိပြီး ယူကရိန်းအသင်းဖော် ဇင်ချန်ကိုလည်းရှိနေတဲ့ အာဆင်နယ်ကို ပြောင်းရွှေ့လိုနေတာပါ။
ဒါပေမဲ့ အာဆင်နယ်ရဲ့ ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းချက်ကို အသင်းဘက်က ပယ်ချပြီး ပေါင် ၈၈ သန်းရမှ ရောင်းချဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။