close

ကမ္ဘာ့အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၅ ဦးစာရင်းကို ဖီဖာထုတ်ပြန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကနေ ချီးမြှင့်မယ့် အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၅ ဦးစာရင်းကို ဖီဖာကထုတ်ပြန်ခဲ့ပါတယ်။

ဖီဖာအနေနဲ့ ၂၀၂၁ သြဂုတ်လကနေ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးစီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေကိုကြည့်ပြီး တခြားသော မဲပေးမှုတွေနဲ့ ပေါင်းစပ်ရွေးချယ်သွားမှာပါ။

ဆန်ခါတင် ၅ ဦးစာရင်းမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ စကယ်လိုနီက ရေပန်းအစားဆုံးဖြစ်နေပါတယ်။

အဲဒီနောက်မှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ ပြင်သစ်နည်းပြ ဒက်စ်ရွှန့်စ်၊ မော်ရိုကိုနည်းပြ ရက်ဂရာဂူယီ၊ ရီးရဲလ် မက်ဒရစ်နည်းပြ အန်စလော့တီနဲ့ မန်စီးတီးနည်းပြဂွာဒီယိုလာတို့ ပါဝင်ပါတယ်။

မဲပေးမှုတွေကို လာမယ့် ဖေဖော်ဝါရီ ၃ ရက်အထိ ဖီဖာဝက်ဘ်ဆိုက်မှာ  မဲပေးရွေးချယ်နိုင်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်မှုကိုတော့ ဖီဖာတာဝန်ရှိသူတွေနဲ့အတူ နိုင်ငံအသင်းနည်းပြတွေ၊ အသင်းခေါင်းဆောင်တွေနဲ့ ဂျာနယ်လစ်တွေက စုပေါင်းရွေးချယ်ကြမှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up