close

တရုတ်နိုင်ငံကို အနောက်နိုင်ငံမီဒီယာနှင့်အစိုးရများက အမြဲတိုက်ခိုက်ဝေဖန်နေဟုဆို

အနောက်နိုင်ငံ မီဒီယာတွေနဲ့ အစိုးရတွေဟာ ဘာတွေပဲဖြစ်နေပါစေ တရုတ်နိုင်ငံအပေါ်မှာ တိုက်ခိုက် ဝေဖန်နေမှာဖြစ်တယ်လို့ ဗြိတိန်ပညာရှင်တစ်ဦးကို ကိုးကားပြီး တရုတ်အစိုးရ မီဒီယာ CCTV က ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း တရုတ်နိုင်ငံကို ပုံဖျက်ဖို့ ချဉ်းကပ်မှုတခုအဖြစ် ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး အနောက်ကမ္ဘာရဲ့ နိုင်ငံရေးအရ ဝေဖန်ပြောဆိုမှုတွေအပေါ်မှာ သူက မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။ 

ကိုဗစ်ကပ်ရောဂါ စတင် ဖြစ်ပွားချိန်ကတည်းက အနောက်မီဒီယာနဲ့အစိုးရတွေဟာ တရုတ်နိုင်ငံ အပေါ် ပစ်မှတ်ထားပြီး အနုတ်လက္ခဏာ ဆောင်တဲ့ သတင်းဖော်ပြမှုကမ်းပိန်းတွေ ဆက်တိုက် လုပ်ဆောင်လာခဲ့သလို ဒီဖော်ပြချက်တွေဟာ ဖြစ်ရပ်မှန်တွေ အပေါ် လျစ်လျူရှုရာကျတာကြောင့် စိတ်ပျက်ဖွယ်ရာဖြစ်တယ်လို့ No Cold War ကမ်းပိန်းကျင်းပရေးကော်မတီအဖွဲ့ဝင် ဖီအိုနာ အက်ဒ်ဝက်ဒ်က ပြောပါတယ်။ 

“ဆိုလိုချင်တာကတော့ အနောက်မီဒီယာတွေနဲ့ အနောက်တိုင်းအစိုးရတွေဟာ ဘာတွေပဲ ဖြစ်နေပါစေ တရုတ်နိုင်ငံအပေါ် တိုက်ခိုက်မယ်ဆိုတဲ့ ကိစ္စရပ်က တကယ်ဖြစ်နေတာပါ၊ ဒါကြောင့် တရုတ်နိုင်ငံမှာ လူဦးရေသန်းပေါင်းများစွာကို ဓမ္မဓိဋ္ဌာန်ကျစွာ ကယ်တင် နိုင်ခဲ့တဲ့ ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ် ဆန့်ကျင်တဲ့ သတင်းဖော်ပြချက်တွေက လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ဖုံးလွှမ်းနေခဲ့တာကို ကျမတို့ကြားသိနေခဲ့ပါတယ်။ တကယ်လို့ ဒီဗိုင်းရပ်စ် ကင်းစင်ရေးအတွက် အမေရိကန်ရဲ့မူ ဝါဒကိုသာ တရုတ်နိုင်ငံမှာ တရက်နီးပါးသာ ခွင့်ပြုလိုက်မယ်ဆိုရင်တောင် လူဦးရေ ၄ သန်းလောက် သေဆုံးသွား နိုင်ပါတယ်။ ကာကွယ် ဆေးကိစ္စအပါအဝင် တရုတ်နိုင်ငံအပေါ် ဆန့်ကျင်ပုံဖျက်လိုတဲ့ကမ်းပိန်းတွေ အဆက်မပြတ် ပေါ်ပေါ်လာနေတယ်လို့လည်း ကျမအနေနဲ့ ယူဆပါတယ်”လို့ ဖီအိုနာက ပြောခဲ့တာပါ။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီကပ်ရောဂါ တိုက်ဖျက်ရေးမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို မျက်ကွယ်ပြုပြီး တရုတ်ကာကွယ်ဆေးကိစ္စရပ်တွေအပေါ်မှာပဲ အနောက်မီဒီယာနဲ့အစိုးရတွေက ဝေဖန်ပြောဆိုနေကြတယ်လို့ ဖီအိုနာက မှတ်ချက်ပြုခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up