ဘတ်ခ်မွတ်မြို့နားရှိ ရုရှားတပ်များကို ယူကရိန်းတပ်က ဒုံးကျည်ဖြင့်ပစ်

ယူကရိန်းတပ်ခွဲ တခွဲက သူတို့ဟာ ဆိုဗီယက်ခေတ်က ဂရဒ်ဒုံးကျည်တွေနဲ့ ဘတ်ခ်မွတ်မြို့နားက ရုရှားစစ်တပ်တွေကို ပစ်ခတ်ခဲ့တယ်လို့ ဇန်နဝါရီ ၁၅ ရက်က ပြောပါတယ်။
အမှတ် ၅၇ ခြေလျင်တပ်ရင်းဟာ ယူကရိန်းတပ်စခန်းတွေကို စီးနင်းနေတဲ့ ရုရှားတပ်အုပ်စု တွေဆီကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောက်ကျားနာမည် ဇိုဟန်လို့ ခေါ်သူ ရဲဘော်က ပြောပါတယ်။
“ခြေလျင်တပ်ကို ထောက်ပံ့ဖို့ ကျနော်တို့ အကုန်လုပ်မှာပဲ။ ပစ်မှတ်တွေကို အင်အားအပြည့် တိတိကျကျ ထိနေတယ်။ ဘုရားသခင်ရဲ့ အကူအညီနဲ့ ကျနော်တို့ နိုင်မှာပါ”လို့ သူက ပြောပါတယ်။
ရုရှားတပ်တွေဟာ ဘတ်ခ်မွတ်မြို့ကို မသိမ်းနိုင်ဖြစ်အပြီး ပိုသေးတဲ့ ဆိုလေဒါမြို့ကို ပြန်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေ တာပါ။
ဒီမြို့ကို သိမ်းတာဟာ အနားက ဘတ်ခ်မွတ်မြို့ဆီ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပြီး မြို့ထဲမှာ ကျန်နေတဲ့ ယူကရိန်းတပ်တွေကို ထောင်ချောက်ဆင် ပိတ်လှောင်ထားဖို့ လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားဟာ ဘတ်ခ်မွတ်မြို့ကို သိမ်းဖို့ လပေါင်းများစွာ ကြိုးစားနေခဲ့တာပါ။
ဘတ်ခ်မွတ်နဲ့ ဆိုလေဒါမြို့တွေ ပတ်လည်က တိုက်ပွဲတွေဟာ စစ်သည်ထောင်ချီ သေဆုံးခဲ့ပြီး ဖြစ်တဲ့ ရက်စက်တဲ့ စစ်ပွဲတပွဲဖြစ်လို့ အသားကြိတ်စက်လို ဖြစ်နေတယ်လို့ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက ခေါ်ဝေါ်သုံးနှုန်း ထားပါတယ်။