close

ကစားသမားသစ်ခေါ်ယူရန် လိုအပ်သော်လည်း မဖြစ်နိုင်သေးဟု လီဗာပူးနည်းပြကလော့ပ် ညည်းတွား

လက်ရှိအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်ပေမဲ့ မဖြစ်နိုင်သေးကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဗွီတိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူခဲ့ပေမဲ့ ဒဏ်ရာရကစားသမားတွေ များနေလို့  ရလဒ်ပိုင်း ဆိုးရွားခဲ့ပါတယ်။

အခုတပတ်ပွဲစဉ်မှာ ဘရိုက်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး အဆင့်လေးနေရာက မန်ယူအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေတာပါ။

ကစားသမားသစ်ထပ်ခေါ်ဖို့ လိုအပ်ပေမဲ့ လက်ရှိအခြေအနေအရ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ အခြေအနေတွေက ပြောင်းလဲဖို့မရှိတာကြောင့် အပတ်စဉ်တိုင်းမှာ ဒီလိုအဖြေပဲ ပေးနိုင်ကြောင်း နည်းပြကလော့ပ်က မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

လီဗာပူးအသင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဖေမီနို၊ ဒီယက်ဇ်၊ ဂျိုတာနဲ့ နူနက်ဇ်တို့ ဒဏ်ရာရနေသလို နောက်ခံလူ ဗန်ဒိုက်လည်း ရက်သတ္တပတ်အနည်းငယ် အနားယူရဦးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up