ယူကရိန်းစစ်ပွဲ ဦးစီးရန် ရုရှားဝါရင့်ဗိုလ်ချုပ်ကြီး ၁ ဦးကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်

ယူကရိန်းစစ်ပွဲကို ဦးစီးဖို့ ရုရှားရဲ့ ဝါအရင့်ဆုံး အသက် ၆၇ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ဗလာရီ ဂျေရာစီမော့ဗ်ကို စစ်ဦးစီးချုပ်အဖြစ် ရုရှားကာကွယ်ရေးဝန်ကြီးက ခန့်အပ်လိုက်ပါတယ်။
ရုရှားက ကျူးကျော်စစ်စကတည်းက စစ်ရေးကွပ်ကဲမှု အပြောင်းအလဲတွေကို ဆက်တိုက်လုပ်ခဲ့ရာမှာ ခုတကြိမ်က အထူးခြားဆုံးလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း စူပါ ပါဝါစစ်တပ်ကို ခေတ်မီပြီး ကုန်ကျစရိတ်များတယ်လို့ ယူဆရတဲ့ ပြန်ပြင်ဆင်မှုမျိုး လုပ်ခဲ့ဖို့နဲ့ ရုရှားထက် အများကြီးသေးငယ်တဲ့ အိမ်နီးချင်းနိုင်ငံကို သိမ်းသွင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အမျိုးသားရေးဝါဒီ ဘလော့ဂါအများစုက ဗိုလ်ချုပ်ကြီးကို ဂျေရာစီမော့ဗ်ကို အပြစ်တင်ခဲ့ကြပါတယ်။
ဂျေရာစီမော့ဗ်ကိုခန့်အပ်လိုက်တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ ဆုံးဖြတ်ချက်ဟာ အနောက်နိုင်ငံတွေဆီက တာဝေးပစ် လက်နက်ကြီးတွေ ယူကရိန်းက လက်ခံရရှိခြင်းကနေ အရင်းခံပြီး အနောက်နိုင်ငံတွေဆီက သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေနဲ့ တင့်ကားတွေ မကြာမီရမယ့် အလားအလာ ဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ အစ်ဂေါ ကိုရော့ချန်ကိုက ရုရှားအစိုးရရုပ်သံမှာ ပြောပါတယ်။
ဂျေရာစီမော့ဗ် ရောက်လာလို့ ရုရှားဟာ ယူကရိန်းစစ်မြေပြင်မှာ နျူးကလီးယားလက်နက်တွေ သုံးလာနိုင်ခြေ တိုးမြင့်စေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပိုကောင်းတဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်မှု တိုးတက်စေဖို့ လေကြောင်းနည်းပညာကို မြှင့်တင်ဖို့ ပိုနက်ရှိုင်းတဲ့ လက်နက်တိုက်တခု တည်ဆောက်ဖို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂူက အင်္ဂါနေ့မှာ ကတိပြုခဲ့ပါတယ်။