close

ဂျာမနီကာကွယ်ရေးဝန်ကြီး နုတ်ထွက်

ဂျာမနီကာကွယ်ရေးဝန်ကြီး ခရစ္စတင်းလမ်ဘရပ်ချ်ဟာ သူ့ကို တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်ထံ တောင်းဆိုခဲ့တယ်လို့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန် ပြောပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်အပြီးမှာ အထူးရန်ပုံငွေ ယူရို ဘီလျံ ၁၀၀ ကို သဘောတူခဲ့ပေမဲ့ ဂျာမန် လက်နက်ကိုင်တပ်ဖွဲ့တွေကို အမြန်ပုံပေါ်အောင်လုပ်ဖို့ ပျက်ကွက်မှုနဲ့ လမ်ဘရပ်ချ်ဟာ အပြစ်တင်ခံခဲ့ရပါတယ်။

လတ်တလော စစ်ရေးလေ့ကျင့်မှုအတွင်း ပူးမား ခြေလျင်တပ်က တင့်ကားအတော်များများ ကောင်းကောင်းအလုပ်မလုပ်လို့ မသုံးဘဲ ထားခဲ့ရအပြီး ဂျာမနီနိုင်ငံရဲ့ ကာကွယ်နိုင်စွမ်း အခြေအနေနဲ့ ပတ်သက်လို့ ကာလကြာရှည် ငြင်းခုန်မှုတွေအရင်လက ပြင်းထန်ဖြစ်လာခဲ့ပါတယ်။

စစ်မှုထမ်းတွေကို ကျေးဇူးတင်ကြောင်း နှစ်သစ်ကူးအကြိုညမှာ  ပြောခဲ့တဲ့ ရုပ်သံကို လူမှုကွန်ရက်ပေါ် တင်ခဲ့အပြီး လမ်ဘရပ်ချ်ကို ဂျာမန် မီဒီယာတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပါတယ်။

ရုပ်သံ ဗီဒီယိုထဲမှာတော့ “၂၀၂၂ ဟာ မယုံနိုင်လောက်စရာ စိန်ခေါ်မှုတွေကို ဖန်တီးခဲ့ပါတယ်။ စစ်ပွဲက ဥရောပ အလယ်ပိုင်းမှာ အရှိန်အဟုန်နဲ့ တောက်လောင်နေတယ်။ အဲဒီအခြေအနေမှာ၊ စိတ်ဝင်စားစရာ ကောင်းပြီး ကြီးကျယ်ခမ်းနားတဲ့ လူတွေနဲ့ ကြုံဆုံခဲ့ရတဲ့ အထူးအခိုက်အတန့်တွေ အများကြီးကို သတိရမိပါတယ်” လို့ လမ်ဘရပ်ချ်က ပြောထားပါတယ်။

ကာကွယ်ရေးဝန်ကြီးနေရာကို ဆက်ခံနိုင်ဖို့ အလားအလာရှိသူတွေအဖြစ် ဂျာမန်လွှတ်တော် လက်နက်ကိုင်တပ်များဆိုင်ရာ ကော်မရှင်နာမင်းကြီး အီဗာဟူဂိုနဲ့ အငယ်တန်း ကာကွယ်ရေးဝန်ကြီး ဆင်မ်ဂျေမူလာတို့ကို ဂျာမန်သတင်းစာ ဆူဒါချက်ဇ် ဇိုင်ထုံက အရင်အပတ်က စာရင်းပြုစုခဲ့ပါတယ်။

ရှပီးဂဲ မဂ္ဂဇင်းကတော့ ဝန်ကြီးလောင်းစာရင်းထဲမှာ SPD ပါတီအကြီးအကဲ လားစ် ကလင်းဂ်ဘဲလ်နဲ့ အလုပ်သမားရေးရာဝန်ကြီး ဟူဘယ်တို့စ် ဟိုင်းလ်တို့ကို ထည့်သွင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up