စပါးပရိသတ်များ၏ ဝေဖန်မှုခံရသည့်အပေါ် နားမလည်နိုင်ဟု နည်းပြကွန်တီ ပြော

စပါးအသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေခံနေရတဲ့အပေါ် နားမလည်နိုင်အောင်ဖြစ်မိကြောင်း နည်းပြ ကွန်တီကပြောပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဒါဘီပြိုင်ဘက် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၉ ပွဲမှာ ၃ ပွဲသာ နိုင်ပွဲရခဲ့တာပါ။
အဲဒီအပေါ်မှာ စပါးပရိသတ်တွေက ဝေဖန်နေကြတဲ့အပေါ်မှာ နားမလည်နိုင်အောင်ဖြစ်ရပြီး လက်ရှိအခြေအနေအရ ဖြစ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်နေရတာဖြစ်တယ်လို့ နည်းပြကွန်တီကပြောပါတယ်။
စပါးအသင်းအတွက် နေ့တိုင်းပြင်းပြင်းထန်ထန်ကြိုးပမ်းနေတယ်လို့သာ ပရိသတ်တွေကို ပြောနိုင်ကြောင်း ကွန်တီက ပြောပါတယ်။
အင်္ဂလန်မှာ အသင်းနည်းပြချုပ်တွေကပဲ အသင်းရဲ့စီမံကိန်းနဲ့ အခြေအနေတွေကို ရှေ့ထွက်ပြောနေရတာက ဆိုးရွားတဲ့အလေ့အကျင့်ဖြစ်ပြီး အီတလီမှာကဲ့သို့ အသင်းတာဝန်ရှိသူ တွေကိုယ်တိုင်လည်း မီဒီယာတွေရဲ့ရှေ့မှောက်မှာ လာရောက်ပြောသင့်ကြောင်း ကွန်တီက ပြောသွားပါတယ်။