close

ဘီးလင်းမြို့မရဲစခန်းနှင့် ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၁၁ နာရီလောက်က ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့  ဗုံးချတိုက်ခိုက်လို့ ဘီးလင်းမြို့မရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲတပ်ကြပ်ကြီးတဦးနဲ့ ရဲမေတဦး ဒဏ်ရာရရှိခဲ့သလို စခန်းအဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့လို့ ဒေသခံက ပြောပါတယ်။

ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒရုန်းနဲ့ တိုက်ခိုက်မှုမှာတော့ ရုံးအဆောက်အဦတချို့သာ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲတပ်ဖွဲ့ဘက်က သေနတ် အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံး ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့  သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ ဒီဗွီဘီကို ပြောပါတယ်။

ဘီးလင်းမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသလို အဲဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up