PSG နှင့် ရီယာ့ဒ် All-Star XI အသင်းကို ခြေစမ်းပွဲတွင် မက်ဆီ၊ ရော်နယ်ဒိုနှင့် အမ်ဘာပေတို့ ဂိုးသွင်း

ဆော်ဒီအာရေဗျနိုင်ငံမှာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီယာ့ဒ် All-Star XI အသင်းနဲ့ ပြင်သစ်ကလပ် PSG အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ PSG အသင်းက (၅-၄) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ရီယာ့ဒ်အသင်းခေါင်းဆောင် ရော်နယ်ဒိုရော PSG အသင်းသား မက်ဆီနဲ့ အမ်ဘာပေတို့ပါ ဂိုးသွင်းနိုင်ခဲ့ပြီး ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ နှစ်ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုက ရရှိသွားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆော်ဒီအာရေဗျကလပ် အယ်လ်နက်စ်ဆာအသင်းက ရော်နယ်ဒိုကို ငွေကြေး အမြောက်အမြားနဲ့ ခေါ်ယူခဲ့ပြီးတဲ့နောက် ဒီပွဲဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့အကြား အားပြိုင်မှုအဖြစ် ပရိတ်သတ်တွေ ပြန်မြင်တွေ့ရတဲ့ ပွဲတပွဲဖြစ်ခဲ့ပါတယ်။