ဘရိုက်တန်တိုက်စစ်မှူး ထရော့ဆတ်ကို အာဆင်နယ်အသင်းခေါ်ယူ

အာဆင်နယ်အသင်းဟာ ဘရိုက်တန်တိုက်စစ်ကစားသမား ထရော့ဆတ်ကိုခေါ်ယူဖို့ သဘောတူညီမူ ရယူနိုင်ခဲ့ပါတယ်။
အသက်၂၈နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားအတွက် ကနဦးပေါင် ၂၁ သန်း ပေးချေမှာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ပြီးနောက်ထပ်ပေါင်သန်းနဲ့ချီထပ်မံပေးချေရနိုင် တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ဖော်ပြပါတယ်။
တိုက်စစ်ပိုင်းနေရာစုံမှာကစားနိုင်တဲ့ ထရော့ဆတ်ဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၂ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူပါ။ ဘရိုက်တန်နဲ့ စုစုပေါင်း ၁၂၁ ပွဲမှာ ၂၅ ဂိုးသွင်း ပေးခဲ့ပါတယ်။
ထရော့ဆတ်ဟာ ပြီးခဲ့တပတ်က လေ့ကျင့်ရေးကွင်းကနေ ထွက်ခွါခဲ့တာကြောင့် အသင်းနည်းပြ ဒီဇာဘီနဲ့ ပြဿနာဖြစ်ခဲ့ပြီး လီဗာပူးနဲ့ပွဲကစားမယ့်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါသေးတယ်။
ထရော့ဆတ်ဟာ ကစားသမားဘဝကို ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ဘရိုက်တန်အသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။