close

ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရပါက ဘဏ္ဍာရေးစည်းမျဉ်းဖြင့် အရေးယူခံရနိုင်

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမှာဥရောပချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် ဘဏ္ဍာရေး စည်းမျဉ်းနဲ့ အရေးယူခံရနိုင်တယ်လို့သိရပါတယ်။

အသင်းပိုင်ရှင်သစ် တော့ဘိုလီဟာ  အခုနှစ်ရာသီမှာ ကစားသမားခေါ်ယူမှုတွေအတွက် ပေါင် ၄၄၅ သန်းအထိ အသုံးပြုခဲ့ပြီး ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်ခဲ့တာပါ။ ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းမှာ သုံးနှစ်အတွင်း ပေါင် ၁၀၅ သန်းအရှုံးပေါ်ခွင့်ရှိပြီး အခြေခံအဆောက်အအုံတွေ၊ အမျိုးသမီးအသင်းတွေနဲ့ အကယ်ဒမီတွေ၊ တခြားလူမှုရေး လုပ်ငန်းတွေမှာ အသုံးပြုမယ်ဆိုရင်တော့ ကင်းလွတ်ခွင့်ပေးထားပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၂၁ ခုနှစ်က ဥရောပချန်ပီယံဖြစ်စဉ်က ပေါင် ၁၀၆ သန်း ရရှိခဲ့ပြီး မနှစ်တုန်းက ကွာတားဖိုင်နယ်တက်ခဲ့ရာမှာလည်း ပေါင်သန်း ၈၀ လောက်ဝင်ငွေရခဲ့ပါတယ်။

အခုနှစ် ရာသီမှာလည်း ဒေါ့မွန်အသင်းကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်တက်မယ်ဆိုရင် ဝင်ငွေရရှိလာနိုင်ပေမဲ့  ပေါင် ၄၄၅ သန်းအထိ အသုံးပြုခဲ့မှုကြောင့် အခြေအနေကို စောင့်ကြည့်ရဖို့ရှိပါတယ်။

နောက်ပြီးလာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင်တော့ ဝင်ငွေထိခိုက်သွားမှာဖြစ်လို့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အရေးယူခံရနိုင်ကြောင်း ဗြိတိန်သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up