အာဆင်နယ်နှင့်ပွဲတွင် ကတ်စမီရိုလွဲချော်မှာက ကြီးမားသည့် ထိုးနှက်ချက်ဟု မန်ယူဂိုးသမား ဒီဂီယာသုံးသပ်

အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ကတ်စမီရိုလွဲချော်မှာက ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ကြောင်း မန်ယူဂိုးသမားဒီဂီယာက ပြောပါတယ်။
ကတ်စမီရိုဟာ ခရစ္စတယ်ပဲလေ့နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရပြီး စုစုပေါင်း ၅ ဝါပြည့်သွားလို့ အာဆင်နယ်နဲ့ ပွဲစဉ်ကို လွဲချော်မှာပါ။
အဲဒီအခြေအနေဟာ မန်ယူနိုက်တက်အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်ပြီး ပွဲစဉ်ဇယားရေးဆွဲမှုအပေါ်ဝေဖန်သွားခဲ့ပါတယ်။
“ကျနော်တို့ ထိပ်တိုက်တွေ့မယ့် ပွဲစဉ် မတိုင်ခင်မှာ အာဆင်နယ်အသင်းကျတော့ ကျနော်တို့လို ကြားရက်ပွဲစဉ် မကစားရတာက နားမလည်နိုင်စရာပါပဲ။ အခုတော့ ကျနော်တို့ရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်လွဲချော်သွားပါပြီ။ ပွဲကြီးပွဲကောင်း တစ်ပွဲမှာ သူ့ကို သတိရနေရမှာဖြစ်ပြီး ကျနော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်”လို့ ဂိုးသမား ဒီဂီယာကပြောပါတယ်။
မန်ယူအသင်းဟာ ဇယားထိပ်က အာဆင်နယ်ထက် တစ်ပွဲပိုကစားထားပေမယ့် ၈ မှတ်ကွာဟနေ ဆဲပါ။
တနင်္ဂနွေနေ့မှာကစားမယ့်အာဆင်နယ်နဲ့ ပွဲစဉ်က အသင်းရဲ့ ချန်ပီယံဆုဖလားကို စိန်ခါ်နိုင်ခွင့်အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။