close

ကွင်းလယ်လူ ကာမာဗင်ဂါ အသင်းပြောင်းမှာမဟုတ်ဟု ရီးရဲလ်နည်းပြအတည်ပြု

ကွင်းလယ်လူ ကာမာဗင်ဂါအနေနဲ့ အသင်းပြောင်းဖို့ မရှိကြောင်း စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ အန်စလော့တီက အတည်ပြုသွားပါတယ်။

ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ကို အာဆင်နယ်နဲ့ မန်ယူအသင်းတွေက အငှားစာချုပ်နဲ့ ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်နေချိန်မှာ နည်းပြ အန်စလော့တီက ဖြေရှင်းသွားခဲ့တာပါ။

“ကျနော်တို့အနေနဲ့ ကာမာဗင်ဂါကို ထွက်ခွါခွင့်မပြုနိုင်ပါဘူး။ မိုဒရစ်နဲ့ တိုနီခရုစ်တို့လိုပဲ သူ့ကို ထိပါးလို့မရနိုင်ပါဘူး” လို့  နည်းပြအန်စလော့တီကပြောပါတယ်။

အသက် ၂၀ နှစ်ပဲရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် ကာမာဗင်ဂါဟာ ၂၀၂၁ ခုနှစ်က ရင်းနက်စ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် စုစုပေါင်း ၆၆ ပွဲမှာ ၂ ဂိုးသွင်းပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up