close

ရန်ကုန် UG လူငယ်အား ဖမ်းဆီးသတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် ငွေတောင်ဆိုင်ကို ပိတ်ထားပြီး လုံခြုံရေးတင်းကျပ်

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီးနောက် ဖမ်းဆီး ခံလိုက်ရတဲ့ UG လူငယ် တယောက် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဖမ်းဆီးသတ်ဖြတ်ရာမှာ ပါတဲ့ ငွေတောင်ဆိုင်ကို ဒီနေ့ပိတ်ထားတယ်လို့ အနီးဝန်းကျင်နေ ဒေသခံတွေက ပြောပါတယ်။

အဲဒီလူငယ်ကို မနေ့က ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးလို့ သေဆုံးခဲ့ရတဲ့အပေါ် ဝေဖန်တာတွေ ထွက်ပေါ်လာပြီးနောက် ဆိုင်ကို ဒီနေ့ ပိတ်ထားတာပါ။

လတ်တလောမှာတော့ စားသောက်ဆိုင်ပင်မခန်းမကို ပိတ်ထားပြီး ပါဆယ်လာဝယ်သူတွေကို စားပွဲခုံချကာ ရောင်းချပေးနေပါတယ်။

UG လူငယ် ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ငွေတောင်စားသောက်ဆိုင်အနေနဲ့ ပြန်လည် ပေးဆပ်ရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ငွေတောင်စားသောက်ဆိုင်တဝိုက်ကို ရှောင်ကြဉ်သွား လာကြဖို့  Black fox Yangon UG အဖွဲ့က သတိပေးထားတာပါ။

သတိပေးမှုအပြီးမှာတော့ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရဲကားတစီး ရပ်ထားပြီး လုံခြုံရေး ယူထားပေးထားသလို ပတ်ဝန်းကျင်မှာလည်း အရပ်ဝတ်နဲ့ ကင်းပုန်းတွေချထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အဲဒီပတ်ဝန်းကျင်မှာနေထိုင်သူတဦးက "ဆိုင်ကို ညကလည်း အစောကြီး သိမ်းလိုက်တယ်။ ဒီမနက်လည်း ပိတ်ထားပြီး သိပ်လှုပ်လှုပ်ရှားရှား မတွေ့ရဘူး။ ဝန်ထမ်းတွေလည်း သိပ်မတွေ့တော့ ဘူး" လို့ ပြောပါတယ်။

ရန်ကုန် UG လူငယ် နှစ်ဦးဟာ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက အဲဒီဆိုင်နဲ့ ကပ်လျက်က အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ပစ်ပြီး ထွက်ပြေးချိန် ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းတွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့  Blackfox YGN UG အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို လိုက်လံဖမ်းဆီးရာမှာ တဦး လွတ်မြောက်ကာ ကျန်တဦး ဖမ်းဆီးခံရပြီး ရိုက်နှက်ခံရတာ ကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ငွေတောင်စားသောက်ဆိုင်ပိုင်ရှင်ရဲ့သားဟာ ဗိုလ်ကြီးအောင်ခိုင်ဝင်းဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူ တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up