close

ကသာမြို့နယ် တိုက်ကုန်းရွာအား စစ်တပ်ကမီးရှို့၊ ထီးဆောင်းရွာရှိ စစ်တပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့ ဝင်တိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ တိုက်ကုန်းရွာကို စစ်ကောင်စီက ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီ လောက်က ရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်တပ်ဟာ မိုးတားလေးကျေးရွာအုပ်စု၊ ဆိပ်သာဘုရားကုန်းရွာနေ ထွက်လာပြီး တိုက်ကုန်းရွာကို မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ရွာသားတဦးက “သူတို့က ဆိပ်သာဘုရာကုန်းကနေ မနက်ခင်းကထွက်လာပြီး ကျနော်တို့ ရွာလေးကို စပြီး မီးရှို့တယ်။ ပထမ အိမ် ၄ အိမ်ကို စရှို့တယ်။ နောက်တကြိမ် ဒရုန်းနဲ့ထပ်သွားကြည့်တော့ ၁၀လုံး မီးလောင်နေပြီ။ ပြည်သူတွေ အခုလို အနိုင်ကျင့်နေတာတွေ ရပ်တန်းက ရပ်ပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်။ စစ်တိုက်တယ်ဆိုရင်လည်း စစ်နဲ့တူအောင် တိုက်ပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကလည်း ကသာမြို့နယ်၊ အလယ်ကျွန်းစာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သေး တယ်လို့ ကသာမြို့နယ်ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီခွဲကျော်ကတော့ ဒေသခံကာကွယ်ရေးအဖွဲ့က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ထီးဆောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို  ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စခန်းသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ တိုက်ပွဲအတွင်း ပြည်သူတွေ စည်းကမ်းမရှိ သွားလာနေတာကြောင့် စခန်းမသိမ်းနိုင်ဘဲ ‌ပြန်ခဲ့ရတယ်လို့ Zero ပြောက်ကြားတပ်ဖွဲ့  မြင်းခြံခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

“တိုက်ပွဲက စခန်းသိမ်းနိုင်ဖို့ သွားတာ။ အနီးကပ်တိုက်ပွဲလို့လည်း ပြောလို့ရတယ်။ တိုက်ပွဲ ဖြစ်နေတာကို ပြည်သူတွေက တိုက်ပွဲအတွင်း မကြောက်ဘဲ သွားလာနေကြတယ်။ ပြည်သူတွေနဲ့ဆိုတော့ ဘာမှ ထိရောက်အောင် မလုပ်နိုင်ခဲ့ရဘူ။  ကင်းစောင့်နေတဲ့ တယောက်နဲ့ လမ်းပေါ်မှာ ထွက်လာတဲ့ ၃ ယောက်ကတော့ နေရာတင်ပွဲချင်းပြီး သေတယ်။ ကျန် ၂ ယောက်က အပြင်းထန်ဒဏ်ရာ ရတယ်လို့ သိထားတယ်။”

အခုတိုက်ပွဲကို မြင်းခြံ Zero ပြောက်ကြားတပ်ဖွဲ့ တပ်ရင် ၇၊ GTR မြင်းမူ၊ တပ်ရင်း ၂ စစ်ကိုင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up