close

ကံပေါက်ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း  ဒေသခံတွေကို ဆက်တိုက် ဖမ်းဆီးနေတာမှာ အနည်းဆုံး ၁၀ ယောက်လောက် ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက် ညက ကံပေါက်ဒေသ ရပ်ကွက် ၃ ခုက သက်ကြီးပိုင်းတွေအပါအဝင် ဒေသခံအမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၉ ဦး ဖမ်းခံခဲ့ရပြီး မချိုချိုအောင်ဆိုသူ အမျိုးသမီး တဦးသာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက် ညပိုင်းမှာလည်း ကံပေါက်ဒေသ ဗိုလ်ချုပ်ရပ်ကွက်နဲ့ မဂ္ဂင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုမောင်မောင်နဲ့ မသိင်္ဂီစိုးတို့ကို စစ်ကောင်စီက လာဖမ်းသွားပါတယ်။ 

သူတို့ ၂ ဦးဟာ ကံပေါက်ဆေးရုံနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေအတွက် အောက်ဆီဂျင်နဲ့ သွေးအခမဲ့ကူညီပေးနေတဲ့ အာယုဒါနအသင်းက စေတနာ့ဝန်ထမ်းတွေဖြစ်ကြပြီး ဘာအတွက် ကြောင့် အဖမ်းခံရတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

အခုလို ဖမ်းဆီးမှုတွေမတိုင်ခင် ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ ကံပေါက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ တပည့်ဖြစ်သူ ပစ်ခတ်ခံရပြီး မောရဝတီရေတပ်ဆေးရုံမှာ ဆေးကုသ နေရပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူက လက်ထောက်ချ ဖမ်းဆီးခိုင်းမှုကြောင့် ဒေသခံးတွေ ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up