close

ပါလက်စတိုင်းစစ်သွေးကြွများ အစ္စရေးတောင်ပိုင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်

ပါလက်စတိုင်းစစ်သွေးကြွတွေဟာ  ဇန်နဝါရီ ၂၇ ရက်က ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတောင်ပိုင်းဒေသကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပေမယ့် ဒုံးကျည်ကာကွယ်ရေးစနစ်က ဟန့်တားနိုင်ခဲ့ပြီး အဲဒီနောက် အစ္စရေးတို့က ဂါဇာကမ်းမြောင်မှာ ထိုးစစ်ဆင်ခဲ့ပါတယ်။ 

ဒါဟာ နှစ်ပေါင်းများစွာ တိုက်ပွဲတွေအတွင်း တကြိမ်တည်းမှာ သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က အစ္စရေးရဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ဝင်ရောက်စီးနင်းခဲ့မှုအပြီး နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ 

ဂါဇာနယ်စပ်အနီးရှိ အစ္စရေးအသိုင်းအဝန်းမှာ ညတွင်းချင်း ဒုံးကျည်ပစ်ခတ်မှု အချက်ပေး ဥသြသံတွေ ထွက်ပေါ်လာခဲ့ပြီး ဒေသခံတွေကို အကာအကွယ်ယူကြဖို့ သတိပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ မရကြကြောင်းလည်း သိရပါတယ်။ 

နာရီအနည်းငယ်အကြာမှာ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးလေယာဉ်တွေဟာ ဟားမက်စ် လေ့ကျင့်ရေးစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပါလက်စတိုင်းမျက်မြင်သက်သေတွေက ပြောပါတယ်။

ပါလက်စတိုင်းဘက်မှာလည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။

Up