close

အမေရိကန် လက်နက်နှင့်စစ်ပစ္စည်းရောင်းချမှု မြင့်တက်

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့်  နိုင်ငံခြားအစိုးရတွေဆီ အမေရိကန် လက်နက်နဲ့စစ်ပစ္စည်းတွေ ရောင်းချမှုဟာ ၂၀၂၂ ဘဏ္ဍာနှစ်မှာ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ကုမ္ပဏီတွေကနေ  စစ်လက်နက်ပစ္စည်း တိုက်ရိုက်ရောင်းချမှုဟာ ၄၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဒါဟာ အမေရိကန်ဒေါ်လာ ၁၅၃.၇ ဘီလီယံကျော် ရရှိခဲ့ပါတယ်။ 

အမေရိကန်အစိုးရကနေ စီစဉ်ပေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှုကတော့ ၄၉ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁.၉ ဘီလီယံလောက်အထိ ရရှိခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်း စစ်ပွဲစတင်ချိန်ကတည်းက ဝါရှင်တန်က ယူကရိန်းဆီ လက်နက်တင်ပို့မှုကြောင့် စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှုက သိသိသာသာ မြင့်တက်လာခြင်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက ယူဆထားပါတယ်။

Up