မက်ဆီ၊ အမ်ဘာပေနှင့် နေမာတို့ PSG အသင်း၏ အနာဂတ်လေ့ကျင့်ရေးစခန်းကို သွားရောက်လေ့လာ

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်တွေဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီ၊ အမ်ဘာပေနဲ့ နေမာတို့ အပါအဝင် ပါရီ-စန့်-ဂျာမိန့် PSG အသင်းဘောလုံးသမားတွေဟာ ပါရီမြို့အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက် Poissy မှာ ကလပ်အသင်းရဲ့ အနာဂတ်လေ့ကျင့်ရေးစခန်းကို ဇန်နဝါရီ ၂၆ ရက်ကသွားရောက် ကြည့်ရှုခဲ့ကြပါတယ်။
ပြင်သစ်ဗိသုကာပညာရှင် Jean-Michel Wilmotte က ဒီဇိုင်းထုတ်ထားတဲ့ ယူရိုသန်း ၃၀၀ တန် အဆောက်အဦကို လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကစပြီး ပီအက်စ်ဂျီ လက်ရွေးစင်အသင်းအတွက် ဆောက်လုပ်တော့မှာဖြစ်ပါတယ်။
ဒီနေရာအသစ်မှာ လေ့ကျင့်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒီအဆောက်အအုံမှာ ပါရီဒေသရဲ့ အနာဂတ် ဘောလုံးချန်ပီယံလေးတွေအတွက် အဓိက လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားတဲ့ PSG Campus ကိုပါ ဖွင့်လှစ်သွားဖို့ ရှိပါတယ်။
ကာတာ အားကစားရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက ပီအက်စ်ဂျီ ကလပ်အသင်းကို စတင်ဝယ်ယူခဲ့ချိန်ကတည်းက မျှော်မှန်းထားခဲ့တဲ့ ဒီပရောဂျက်ကို ၂၀၂၀ ပြည်နှစ်မှာ စတင်လုပ်ဆောင်ခဲ့ပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ အပြီးသတ်သွားမယ်လို့ ရည်မှန်းထားပါတယ်။