စီရော်နယ်ဒို အနားမယူခင် ဥရောပတွင်ပြန်ကစားမည်ဟု နည်းပြဂါစီယာပြော

3
စီရော်နယ်ဒိုဟာ အနားမယူခင် ဥရောပဆီပြန်လာပြီး ကစားမှာဖြစ်ကြောင်း အယ်လ်နာဆာနည်းပြ ရူဒီဂါစီယာက ပြောပါတယ်။
ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ဆော်ဒီကလပ် အယ်လ် နာဆာဆီ ပြောင်းရွှေ့ကစားနေတာပါ။
ကစားသမားဘဝကို အယ်လ်နာဆာအသင်းမှာပဲ ကုန်ဆုံးမှာမဟုတ်ဘဲ ဥရောပတိုက်ဆီ ပြန်လာပြီး ကလပ်အသင်းတစ်သင်းမှာကစားပြီးမှ အနားယူမယ့်သူဖြစ်တယ်လို့ နည်းပြဂါစီယာက ပြောပါတယ်။
ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်မှာ ပြိုင်ဘက် အယ်လ်အစ်တီဟတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြဂါစီယာက သုံးသပ်ခဲ့တာပါ။
ရော်နယ်ဒိုအနေနဲ့ ဆော်ဒီကလပ်နဲ့ စာချုပ်ပြည့်ချိန်မှာ မွေးရပ်မြေကလပ် စပို့တင်းလစ္စဘွန်းဆီ မှာပြန်ကစားရင်း ကစားသမားဘဝကနေအနားယူလိမ့်မယ်လို့လည်း ထင်ကြေးပေးမှုတွေရှိပါတယ်။