close

အင်တာမီလန်ထံက ကမ်းလှမ်းချက်ရသော်လည်း မန်ယူမှာသာဆက်နေရန် မက်ဂွဲယားဆုံးဖြတ်

မန်ယူနောက်ခံလူ မက်ဂွဲယားဟာ အင်တာမီလန်အသင်းရဲ့ ကမ်းလှမ်းချက်ရရှိခဲ့ပေမယ့် အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

အင်္ဂလန်နောက်ခံလူဟာ မန်ယူအသင်းမှာပုံမှန်ပွဲထွက်ခွင့် မရတာကြောင့် အင်တာမီလန်က အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုလုပ်ခဲ့တာပါ။

အင်တာမီလန်ဟာ နောက်ခံလူ စကင်နီယာကို ပီအက်စ်ဂျီအသင်းဆီ လက်လွှတ်ရတော့မှာဖြစ်လို့ မက်ဂွဲယားကို အငှားစာချုပ်နဲ့ခေါ်ယူလိုခဲ့တာပါ။

ဒါပေမဲ့ မက်ဂွဲယားဘက်က အသင်းပြောင်းရွှေ့ဖို့ ဆန္ဒမရှိသေးဘဲ မန်ယူအသင်းမှာပဲ နေရာရဖို့ ဆက်ကြိုးစားမယ်လို့ဆိုပါတယ်။

“ကျနော် အသက် ၂၉ နှစ်အထိ ဒီလိုအခြေအနေမျိုး မကြုံဖူးသေးပါဘူး။ ဒီအခြေအနေကို မနှစ်သက်ပေမဲ့ ဒါကဘောလုံးရဲ့သဘော သဘာဝလိုဖြစ်တယ်။ ကျနော် လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးတွန်းတင်ပြီးကြိုးစားတယ်။ အခွင့်အရေးရလာခဲ့ရင် ရယူနိုင်ဖို့ပဲလိုအပ်တယ်”လို့ မက်ဂွဲယားကပြောပါတယ်။

မက်ဂွဲယားအနေနဲ့ ပရီးမီးယားလိဂ်မှာတော့ ကစားခွင့်ရဖို့မရှိပေမဲ့ ယူရိုပါလိဂ်နဲ့ရူံးထွက်ပွဲစဉ်တွေမှာ ကစားခွင့်ရဖို့ရှိပါတယ်။ 

Up