ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဆာဘစ်ဇာကို မန်ယူအသင်း အငှားစာချုပ်ဖြင့်ခေါ်ယူ

4
မန်ယူအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဆာဘစ်ဇာကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အဲရစ်ဆင် ဒဏ်ရာကြောင့် အနားယူရမှာဖြစ်တဲ့အတွက် လိုက်ဇစ်ကွင်းလယ်လူဟောင်း ဆာဘစ်ဇာကို ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၂၈ နှစ်ရှိ သြစတြီးယားကွင်းလယ်လူဟာ မန်ယူနဲ့ သဘောတူညီမှုရခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်က ဂျာမနီကနေ မန်ချက်စတာမြို့ဆီကို ထွက်ခွာတဲ့ပုံတွေလည်း တွေ့ရပါတယ်။
သူဟာ လိုက်ဇစ်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့ပြီး ၂၀၂၁ ခုနှစ်က ဘိုင်ယန်မြူးနစ်နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဆာဘစ်ဇာဟာ မိခင်နိုင်ငံ သြစတြီးယားအသင်းအတွက်တော့ စုစုပေါင်း ၆၈ ပွဲမှာ ၁၂ ဂိုး သွင်းယူထားပါတယ်။